Tuesday, September 20, 2011

ပေါင်းစားကေကောက်ညှင်းပေါင်းတောင်မကောင်း ၁


ပေါင်းစားကေကောက်ညှင်းပေါင်းတောင်မကောင်းပါလတ်။
ကျွန်တော့်အတွက်အေစကားပုံယေမကြာမကြာကြားနိန်ရရေ စကားတစ်ခုပါ။ မေသေသူနန့်မေသေသူပေါင်းလို့လုပ်ကတ်စော်
ကွဲကတ်ဗျယ်လတ် မေသေသူကမေသေသူနန့်ပေါင်းလို့လုပ်စော်မှာလိမ်စားလားခရေလတ်လုပ်စော်ချင်းတတူမှာ ငါကနွားပိုင်ကျွဲပိုင်လုပ်ရရေ ယင်းကောင်က ဇိမ်နန့်ထိုင်စားလားခရေခွဲဖို့ဗျယ်ဝေး ယင်းပိုင်ယင်းပိုင်ပါတ်ဝန်းကျင်းမှာအများကြီးကြားရပါရေ၊ ပြောရဖို့ဆိုကေကျွန်တော်ရို့ရခိုင်သားတိယေပူးပေါင်း လုပ်ဆောင်မူမှာ ကောင်းအားနည်းပါရေ၊ အဆက်ဆက်ကလေ့ပူးပေါင်းလုပ်ဆောင်မူအားနည်းခရေအတွက် အခုထက်ထိ အားနည်းနိန်စော်လို့ထင်ပါရေ
ယကေ အေအတိုင်းထားလိုက်ရဖို့ဗျယ်လာရခိုင်သားတိပူးပေါင်းပြီးကေစီးပွားရေးလူမူရေးနန့်အခြားကိစ္စတိမှာ လုပ်ဆောင်လို့မရဗျယ်လာ အနာသိကေ ဆီးရှိပါရေမလား
ကျွန်တော်ရို့ယေ အလုပ်တစ်ခုကိုစနစ်တကျလုပ်ကေတော့ ပူးပေါင်းလုပ်ဆောင်လို့ရဖို့ထင်ပါရေ
အဓိကက နည်းစနစ်မှန်ကန်ဖို့ အလုပ်ကိုတိတိကျကျလုပ်ဖို့နန့် အဖွဲ့အစည်းမှာ လိုက်နာရဖို့
ဥပဒေတိကို ပူးပေါင်း ပါဝင်ရေ လူတိက အတိအကျလိုက်နာဖို့လိုပါရေ
တစ်ယောက်ချင်းလုပ်ဆောင်စော်နန့် အုပ်စုလိုက်လုပ်ဆောင်ကတ်စော်မှာ ကွာဟချက်တိအများကြီးရှိပါရေ
စုပေါင်းပြီးကေလုပ်ဆောင်ရေ အလုပ်ကျခါကအောင်မြင်ဖို့ရာခိုင်နုန်းများပါရေ ပွင့်လင်းမူနန့်ထင်သာမြင်သာရှိမူကလည်း ကောင်းအရေးကြီးရေလို့မြင်ပါရေ တစ်ယောက်ကွယ်ကေ တစ်ယောက် ကအခြင်းပြော မကောင်းပြောစော်တိယေ အဖွဲ့အစည်းပြိုကွဲဖို့အတွက် အဓိကအကြောင်း
အရင်းဖြစ်ပါရေ ယင်းဖြစ်လို့ပူးပေါင်းလုပ်ဆောင်မူတိမှာ ပွင့်ပွင့်လင်းလင်းနန့် ထိပ်တိုက်ဝေဖန်ရေးက
အရေးကြီးရေလို့ထင်ပါရေ ကောလဟာလနန့်ဘေးတီးမူတိကိုယုံပြီးကေ ကို့လက်တွဲဖက်ကို ပြစ်တင်မူကို
မပြုသင့်ပါ လီထဲမှာ ငှက်တစ်ကောင်ပျံနိန်စော်ကိုကြည့်ရစော်ထက် ငှက်တိအုပ်စုလိုက်ညီညီညာညာ
ပျံသန်းစော်ကို ပိုပြီးကေ လှပပါရေမလား ကျွန်တော်ရို့ပူးပေါင်းဖို့ကြိုးစားကတ်ပါမေလေ
လာ လက်တိကိုတွဲထားကတ်မေ......                                                                                             တူတူ